inner-banner-01

About Us

Better Life Education & Career Supporting Centre ကို ၂ဝဝ၄ ခုနှစ် ဇွန်လ (၂) ရက်နေ့တွင် စတင်တည် ထောင်ခဲ့ပါသည်။ စတင်တည်ထောင်ခဲ့ချိန်မှစ၍ ယနေ့အချိန်ထိ မြန်မာနိုင်ငံရှိ ကျောင်းသားလူငယ်များအတွက် ဘသာစကားကို အခြေခံပြီး နိုင်ငံခြားပညာသင် အခွင့်လမ်းများ၊ အလုပ်အကိုင် အခွင့်လမ်းများ၊ ပညာတော်သင် ထောက်ပံ့ကြေး(scholarship) ရရှိနိုင်ရေးအတွက် ချိတ်ဆက်ပေးလျက်ရှိပြီး ပိုမိုကောင်းမွန်သော လူနေမှုဘဝ ဖြစ်လာစေရန် ရည်ရွယ်ချက်ဖြင့် လုပ်ငန်းဆောင်ရွက်လျှက်ရှိပါသည်။ ဘာသာစကား (အထူးသဖြင့် ဂျပန်ဘာသာစကား)ကိုအခြေခံပြီး ကျောင်းသားလူငယ်များအတွက် အခွင့်အလမ်းများစွာဖန်တီးပေးနိုင်ရန် အတွက် ဂျပန်ဘာသာစကားအပါအဝင်၊ အင်္ဂလိပ်စာသင်တန်းများ၊ ရုရှားဘာသာသင် တန်းများအပြင် နိုင်ငံခြားသားများအတွက် မြန်မာဘာသာစကား သင်တန်းကိုပါ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး တန်းခွဲတိုင်း အတွက် အရည်အချင်းပြည့်ဝသော ဆရာ/ဆရာမ များက ဦးဆောင်သင်ကြားပေးလျက်ရှိပါသည်။ ၎င်းအပြင် ဘာသာစကားအထောက်အကူပြု စာအုပ်များ ထုတ်ဝေခြင်း၊ ဖြန့်ဖြူးခြင်းများကို တရားဝင် ဆောင်ရွက်လျက်ရှိပါသည်။ ဘာသာစကားသင်ယူနေသော ကျောင်းသားများအတွက် စာသင်ကြားမှုတွင် စိတ်ဝင်တစားဖြစ်စေရန် ဂျပန်-မြန်မာ ယဉ်ကျေးမှုဖလှယ်ပွဲများကိုလည်း နှစ်စဉ်ကျင်းပပေးလျက်ရှိပါသည်။ ဂျပန်နိုင်ငံပညာသင်သွားရောက်ရန် သိလိုသည်များကို Better Life Education & Career Supporting Centre မှ အခမဲ့ဆွေးနွေးရှင်းပြခြင်း အပါအဝင် ဂျပန်နိုင်ငံသို့ပညာတော်သင် ကျောင်းလျှောက်ထားခြင်းများ၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် ပက်သက်၍ ဆွေးနွေးလိုသည်များအတွက် ဆက်သွယ်နိုင်ပါသည်။ ဂျပန်နိုင်ငံရှိ နာမည်ကြီးတက္ကသိုလ်ဖြစ်သော Ritsumeikan Asia Pacific University(APU)၏ တရားဝင်ကိုယ်စားလှယ် ဖြစ်ပြီး Tokyo, Osaka, Okayama, Fukuoka, Nagoya မြို့များရှိ Language Schoolများ၊ ကောလိပ်များ တက္ကသိုလ်များ နှင့် တရားဝင်ချိတ်ဆက်ထားပါသည်။ Better Life ECSC သည် မြန်မာနိုင်ငံရှိလူငယ်များကို ပိုမိုကောင်းမွန်သောပညာရေးအခွင့်အလမ်းများနှင့် ချိတ်ဆက်ပေးပြီး မျှော်မှန်းထားသည့် အိပ်မက်များကို လက်တွေ့အကောင်အထည်ဖော်နိုင်ရန် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန်တည်ထောင်ထားသည့် ကုမ္ပဏီတစ်ခုဖြစ်ပါသည်။

Contact Us

+959 250-649-545

No(318), Yadanar Road, (11)Ward, South Okkalapa Township, Yangon.