inner-banner-01

Events

မြန်မာနိုင်ငံရှိကျောင်းသားကျောင်းသူများအတွက် ဂျပန်နိုင်ငံ၊ဂျပန်ယဉ်ကျေးမှုများ နှင့် ရင်းနှီးကျွမ်းဝင်မှု ရှိစေရန် Japan-Myanmar Culture Exchange Program များ၊ ကျောင်းရှင်းလင်းပွဲများ၊ ရန်ပုံငွေပွဲများ အစရှိသဖြင့် Eventများကို အခါအားလျော်စွာကျင်းပပေးလျက်ရှိပါသည်။ 28.8.2017 (Sun) တွင် သီလဝါဆိပ်ကမ်းသို့ ဆိုက်ကပ်ခဲ့သော PEACE BOAT သင်္ဘောပေါ်တွင် လိုက်ပါစီးနင်းခဲ့သည့် ဂျပန် လူမျိုးဧည့်သည်တော်များသည် Better Life Education & Career Supporting Centre မှ ဂျပန်စာ သင်ကြားနေသော ကျောင်းသားကျောင်းသူများနှင့်အတူ Prime Hills Business Square တွင်ကျင်းပသော ဂျပန်-မြန်မာ ယဉ်ကျေးမှုဖလှယ်ပွဲတွင် ဂျပန်-မြန်မာ ယဉ်ကျေးမှု ဖလှယ်ခဲ့ကြသည်။

မြန်မာနိုင်ငံရှိကျောင်းသားကျောင်းသူများအတွက် ဂျပန်နိုင်ငံ၊ဂျပန်ယဉ်ကျေးမှုများ နှင့် ရင်းနှီးကျွမ်းဝင်မှု ရှိစေရန် Japan-Myanmar Culture Exchange Program များ၊ Russia-Myanmar Exchange Program များ၊ ကျောင်းရှင်းလင်းပွဲများ၊ ရန်ပုံငွေ အလှူပွဲများ အစရှိသဖြင့် Eventများကို အခါအားလျော်စွာ ကျင်းပပေးလျက် ရှိပါသည်။ သီလဝါဆိပ်ကမ်းသို့ ဆိုက်ကပ်ခဲ့သော PEACE BOAT သင်္ဘောပေါ်တွင် လိုက်ပါစီးနင်းခဲ့သည့် ဂျပန်渡部津音さんလူမျိုး ဧည့်သည်တော်များသည် Better Life Education & Career Supporting Centre မှ ဂျပန်စာ သင်ကြားနေသော ကျောင်းသားကျောင်းသူများနှင့်အတူ Prime Hills Business Square တွင်ကျင်းပသော ဂျပန်-မြန်မာ ယဉ်ကျေးမှုဖလှယ်ပွဲတွင် ဂျပန်-မြန်မာ ယဉ်ကျေးမှု ဖလှယ်ခဲ့ကြသည်။

Star Academy နှင့် Better Life ECSC တို့၏ MOU လက်မှတ်ရေးထိုးပွဲအခမ်းအနားမှစတင်၍ ကျွမ်းကျင်လုပ်သားဗီဇာ(Tokuteiginou နှင့် အလုပ်သင်အလုပ်သမားဗီဇာ GinouJIsshu) နှစ်မျိုးလုံးအတွက် စာတွေ့၊လက်တွေ့အတန်းများကိုပူးပေါင်းဖွင့်လှစ်ခဲ့ပါသည်။ Better Life Education & Career Supporting Centre မှ ကျောင်းအုပ်ကြီးဖြစ်သည့် YUFL ဌာနမှူး(အငြိမ်စား) ဆရာကြီးဦးသောင်းညွန့်မှ ကျောင်းသား ကျောင်းသူများအား ဂျပန်စာသင်ကြားပြသနေပုံကို လာရောက်လေ့လာခဲ့ပုံများကိုလည်း Morisaki Win ၏ တစ်နေ့တာအစီအစဉ်ကို ရိုက်ကူးထားသော Win’s Show Time!( Season -3) Episode – 8 ကို ( ၁၈.၀၁.၂၀၂၀) MNTV Channel တွင်တင်ဆက်ပြသခဲ့ပါသည်။

Better Life Education And Career Supporting Centre သို့ လာရောက်လေ့လာခဲ့သော ဂျပန်နိုင်ငံမှ နာမည်ကြီး Kanji လက်ရေးဆရာကြီး Mr. Nishimura Muneyuki က သင်တန်းအတွက် အောင်မြင်စေကြောင်း ဆုတောင်းပေးရင်း အမှတ်တရ Kanji လက်ရေးမူကို ရေးသားထားရစ်ခဲ့ပါသည်။

Japan နိုင်ငံ Beppu မြို့ရှိ Ritsumeikan Asia Pacific University မှ တာ၀န်ရှိသူကိုယ်တိုင် တရားဝင်ရုံးခွဲဖြစ်သည့် Better Life Education & Career Supporting Centre တွင် COVID 19 မတိုင်မီ ကာလက နှစ်စဥ် Seminar ကျင်းပပြီးစီးခဲ့ပါသည်။

ကိုယ်ပိုင်အထက်တန်းကျောင်းများ၊ Company များနှင့် တက္ကသိုလ်များမှ ကျောင်းသားများကို Better Life မှ တာဝန်ယူသင်ကြားပြသခဲ့ဖူးပါသည်။
Parkroyal မှာကျင်းပခဲ့တဲ့ ၁၅ကြိမ်မြောက် Japanese Speech Contest တွင် Better Life Education & Career Supporting Centre မှ မရွှေဝါပွင့်က ဒုတိယဆုရရှိခဲ့ပါသည်။

ဂျပန်နိုင်ငံ Kariya မြို့ရှိ Sunny’s Natural Cooking သင်တန်းကျောင်းမှ Iwase Sensei ကိုယ်တိုင် လာရောက်၍ ကျန်းမာရေးနှင့် သင့်လျော်သောချက်ပြုတ်နည်းများကို Better Life တွင်ဆွေးနွေးတင်ပြခဲ့ပါသည်။

Japan Tokyo International School (JTIS ) ကျောင်း၏ Promotion Seminar ပွဲကို Better Life ECSC နှင့်ပူးပေါင်း၍ ကျင်းပခဲ့ပါသည်။

Covid-19ထိန်းချုပ်ကာကွယ်ရေးလူထုအခြေပြုအထောက်အကူပြုအဖွဲ့ (ထားဝယ်ဒေသ) Better Life (ECSC DAWEI ဂျပန်စာသင်တန်းကျောင်း) မိသားစု ထားဝယ်မြို့ မှ Covid-19 ကာကွယ်ဆေးအတွက် အလှူတော်ငွေ ကျပ် ၃၀၀,၀၀၀ (၃ သိန်းကျပ်) ကိုလာရောက်လှူဒါန်းခဲ့ပုံ

Myanmar Plazaတွင်ကျင်းပခဲ့သော Japan Brand Expo & Japan Beauty Week Myanmar 2019 မှာ Better Life ECSC မှပါဝင်ခဲ့ပါသည်။

Contact Us

+959 250-649-545

No(318), Yadanar Road, (11)Ward, South Okkalapa Township, Yangon.