inner-banner-01

Partner University and Language Schools

Ritsumeikan Asia Pacific University (APU)

Better Life Education & Career Supporting Centre မှ အခမဲ့ဝန်ဆောင်မှုဖြင့် ဆောင်ရွက်ပေးလျက်ရှိသော Ritsumeikan Asia Pacific University (APU) သည် ဂျပန်နိုင်ငံ၏ နာမည်ကြီးတက္ကသိုလ်များထဲမှ တစ်ခုဖြစ်ပြီး နိုင်ငံပေါင်း ၉ဝ ကျော်မှ ကျောင်းသားကျောင်းသူများတက်ရောက်လျက်ရှိသည်။ အင်္ဂလိပ် (သို့မဟုတ်) ဂျပန်ဘာသာဖြင့် သင်ယူနိုင်ပြီး ပညာသင်ဆု (Scholarship) 30% မှ 100% အထိ ရရှိနိုင်သောတက္ကသိုလ်ဖြစ်သည်။ အင်္ဂလိပ်ဘာသာဖြင့် လျှောက်ထား လိုပါက IELTS 6.0 (TOFEL …) နှင့်အထက်၊ ဂျပန်ဘာသာဖြင့် လျှေက်ထားလိုပါက JLPT N2 အမှတ် 120 နှင့် အထက် ရှိရပါမည်။ Undergradute နှင့် Graduate အတန်းများရှိပြီး Undergraduate အတွက် College of Asia Pacific Studies (APS), College of International Management (APM) , College of Sustainability and Tourism (ST) ဟူ၍ လည်းကောင်း၊ Gradaute အတွက် Graduate School of Asia Pacific Studies (GSA) နှင့် Graduate School of Management (GSM) ဟူ၍ သတ်မှတ်ထားရှိပါသည်။ APU တက္ကသိုလ်မှ ကျောင်းပြီးပါက အလုပ်အကိုင်အခွင့်အလမ်း 95% ရရှိနိုင်ပါသည်။ Japan နိုင်ငံ Beppu မြို့ရှိ Ritsumeikan Asia Pacific University မှ တာ၀န်ရှိသူကိုယ်တိုင် စက်တင်ဘာလ ၁ရက်နေ့က Better Life Education & Career Supporting Centre တွင် seminar ကျင်းပပြီးစီးခဲ့ပါသည်။

JAPANESE LANGUAGE SCHOOLS IN JAPAN

ဂျပန်နိုင်ငံသို့ ပညာတော်သင်သွားရောက်ကြမည့် မြန်မာကျောင်းသားကျောင်းသူများအတွက် ရွေးချယ် တက်ရောက်သင့်သော အကောင်းဆုံးကျောင်းများနှင့် တရားဝင်ချိတ်ဆက်ထားပြီး နှစ်စဉ်ကျောင်းသားများကို ဂျပန်နိုင်ငံသို့အခက်အခဲမရှိချောမွေ့စွာ ပညာတော်သင်သွားရောက်နိုင်ရန် ဝန်ဆောင်မှုပေးနေပါသည်။ မိမိတို့ Better Life Education And Career Supporting Centre ၏ နှစ်၂၀နီးပါးကျောင်းလျှောက်ထားခြင်းဆိုင်ရာ အတွေ့အကြုံများဖြင့် ကျောင်းသားကျောင်းသူများ၏ ဂျပန်နိုင်ငံပညာတော်သင်အိမ်မက်များကို လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက်ပေးလျှက်ရှိနေပါသည်။ သက်မွေးပညာသင်ကောလိပ်နှင့်တစ်ပါတည်း တွဲဖွင့်ထားသော Language School များ လဲရှိသည့်အတွက် Language School ပြီးသည်နှင့်တပြိုက်နက် ကောလိပ်ကိုအခက်အခဲမရှိတက်ရောက်နိုင်မည်ဖြစ်ပါတယ်။ TOKYO, OSAKA, FUKUOKA, OKAYAMA, NAGOYA ရှိ JAPANESE LANGUAGE SCHOOL များတွင် APRIL, JULY, OCTOBER, JANUARY ဟူ၍တစ်နှစ်လျှင် ၄ကြိမ်ကျောင်းဝင်ခွင့်လျှောက်ထားနိုင်ပြီး ထူးချွန်သောကျောင်းသားများအတွက် ပညာသင်ဆုများလည်း နှစ်စဉ် ပေးအပ်လျက်ရှိပါတယ်။ Language School တွင် ကျောင်းသားများအားဂျပန်စကားကို ကောင်းစွာ ကျွမ်းကျင်သည် အထိ သင်ကြားပေးပြီး ဂျပန်စာသင်တန်း ပြီးဆုံးပါက ထို Language School ၏သက်မွေးပညာသင်ကောလိပ်၌ပင် မော်တော်ကားနှင့် ဆက်စပ်ပစ္စည်း ပြုပြင်ဖန်တီးမှု၊ နည်းပညာသတင်းအချက်အလက် နည်းပညာ၊ ဇီဝသိပ္ပံပညာ၊ ရုပ်သံတည်းဖြတ်ပညာ၊ ဗိသုကာပညာ၊ လျှပ်စစ်အင်ဂျင်နီယာနည်းပညာ အပြင် အခြားသော ပညာရပ်များကို အထူးပြုပရော်ဖက်ရှင်နယ် ဟူသော ဘွဲ့ထူးကို ရရှိနိုင်သည်အထိ လေ့ကျင့်သင်ကြားပေးပါသည်။

Star University

Star University နှင့် Better Life ECSC တို့၏ MOU လက်မှတ်ရေးထိုးပွဲအခမ်းအနားမှစတင်၍ ကျွမ်းကျင်လုပ်သားဗီဇာ(Tokuteiginou နှင့် အလုပ်သင်အလုပ်သမားဗီဇာ GinouJIsshu) နှစ်မျိုးလုံးအတွက် စာတွေ့၊လက်တွေ့အတန်းများကိုပူးပေါင်းဖွင့်လှစ်ခဲ့ပါသည်။ Star University တွင် Diploma in Hospitality Management (ဟိုတယ်စီမံခန့်ခွဲမှု ဒီပလိုမာသင်တန်း) ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ လုပ်ငန်းများနှင့် စီမံခန့်ခွဲမှု့ဆိုင်ရာ နယ်ပယ်များကို စိတ်ပါဝင်စားပြီး နိုင်ငံတကာ အဆင့်မှီဟိုတယ်ကြီးများတွင် သာမက စားသောက်ဆိုင်ကြီးများတွင်ပါ ဝင်ရောက်လုပ်ကိုင်လိုသူများ တက်ရောက်နိုင်ပါသည်။
STAR UNIVERSITY MYANMAR – SUM တွင် သင်ကြားပေးမည့် Diploma in Hospitality Management (ဟိုတယ်စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ဆောင်မှု သင်တန်း) တက်ရောက်ပြီး ပြည်တွင်း၊ ပြည်ပဟိုတယ်ကြီးများတွင် အောင်မြင်နေကြသည့် သင်တန်းသား/သူများစွာကို နှစ်စဉ် မွေးထုတ်ပေးထားသည့် သင်တန်းတစ်ခုလည်း ဖြစ်ပါသည်။ Diploma in Hospitality Management သင်တန်းကို တက်ရောက် အောင်မြင်ပြီးပါက Hotel and Tourism Industry များတွင်သာမက အခြားဝန်ဆောင်မှုနှင့် ဆက်စပ်နေသော လုပ်ငန်းများတွင်မှာပါ Supervisor Level ဖြင့် အလုပ်အကိုင်ရရှိနိုင်မှာဖြစ်ပါသည်။

Mae Fah Luang University (MFU)

ထိုင်းနိုင်ငံရှိ “University in the Park” ဟုနာမည်ကြီးသည့် Mae Fah Luang University သို့လည်း ပညာတော်သင်သွားရောက်နိုင်ရန်အတွက် Better Life Education And Career Supporting Centre မှ ကျောင်းလျှောက်ဝန်ဆောင်မှုများလုပ်ဆောင်ပေးလျက်ရှိပါသည်။ MFU တွင် ကျောင်းသားပေါင်း 13,000 ကျော်ရှိပြီး International students 570 ကျော်ရှိပါသည်။
Mae Fah Luang University သို့ကျောင်းလျှောက်ထားလိုပါက IELTS 4.5 ၊TOFEL Computer-based test 97-103၊ TOFEL Internet-based Test 32-34၊ TOFEL ITP 400 လိုအပ်ပါသည်။ IELTS or TOFEL result များမရှိလည်း ကျောင်း၏placement test ကိုဖြေဆိုလို့ရနိုင်ပါသည်။

DPU (Dhurakij Pundit University)

DPUသည် ၁၉၆၈ ခုနှစ်တွင်တည်ထောင်ခဲ့ပြီးထိုင်းနိုင်ငံ၏မြို့တော်ဘန်ကောက်တွင်တည်ရှိသည်။ Dhurakij Pundit University (DPU) မှ DPU International College (DPUIC) မှာ ထိုင်းနိုင်ငံ Bangkokမြို့တွင်ရှိပြီး international စီးပွားရေးတက္ကသိုလ်တခုဖြစ်ပါတယ်။ ကမ္ဘောဒီးယား ၊ ဗီယက်နမ် ၊ တရုတ်၊ အမေရိကန်၊ဆွီဒင် ၊ပြင်သစ်စသောနိုင်ငံတကာကျောင်းသားများတက်ရောက်နေပါတယ်။ DPUIC တွင်ဘွဲ့ကြို ၊ ဘွဲ့လွန် ဘာသာရပ်များအပြင် ပီအိတ်ခ်ျဒီ (PhD)အထိတက်ရောက်နိုင်ပါတယ်။
ဘွဲ့ကြိုပရိုဂရမ်များမှာ 1.Bachelor of Arts English for Business Communication (IBEC) ၊ 2.Bachelor of Business Administration Tourism Management (ITMA) ၊ 3. Bachelor of Business Administration International Business (IBBA) တို့ဖြစ်ပြီး စာသင်နှစ်၄နှစ်တက်ရောက်ရမှာဖြစ်ပါတယ်။
ဘွဲ့လွန်ပရိုဂရမ်များမှာ 1.MA in Integrated Marketing Communications (IMC) ၊ 2.MBA with concentration in IMC , Tourism Management (TM) , Business Informatics (BI) တို့ဖြစ်ပြီး ၁နှစ်ခွဲ တက်ရောက်ရမှာဖြစ်ပါတယ်။
ပီအိတ်ခ်ျဒီ(PhD)ပရိုဂရမ် က၃နှစ်တက်ရောက်ရမှာဖြစ်ပြီး PhD(Business Administration) , PhD (Business Informatics) ,PhD (Strategy and Intelligence)တို့ဖြစ်ပါတယ်။
DPUIC မှာ တက်ရောက်လိုသူများအတွက်လိုအပ်ချက်များကတော့ ဘွဲ့ကြိုတန်းအတွက် အထက်တန်း အောင်မြင်ပြီးထားရမှာဖြစ်ပြီး ၊ ဘွဲ့လွန်နှင့်(PhD)တက်ရောက်လိုသူများကတော့ မိမိတက်ရောက်ချင်သည့်ဘွဲ့ နှင့်ပတ်သက်ပြီးdegreeတခုရှိထားရမည်ဖြစ်ပါတယ်။ အင်္ဂလိပ်စာလိုအပ်ချက်များမှာ ဘွဲ့ကြိုတန်းအတွက် IELTS 4.5 သို့မဟုတ် TOFEL 133 (computer-based) ရှိထားရပါမယ်။ လိုအပ်သော အင်္ဂလိပ်စာအမှတ်များ မရှိလျှင်လည်း DPUIC မှစ်ဆေးသည့် အင်္ဂလိပ်စာ စာမေးပွဲကိုဖြေဆိုနိုင်လျှင် တက်ရောက်နိုင်ပါသည်။ ယခုစာသင်နှစ်အတွက်လည်း မြန်မာကျောင်းသားများကို ပညာသင်ဆု ၁၀၀% ၊ ၅၀% စသဖြင့် ပေးအပ် နေပါသည်။

Dimensions International College

Better Life ECSC မှ ဂျပန်နိုင်ငံရှိ Language School များနှင့် တက္ကသိုလ်များကို ချိတ်ဆက်ပေးလျှက်ရှိသည့်အပြင် Singaporeနိုင်ငံရှိ Dimensions International College နှင့်လည်း ချိတ်ဆက်ထားပြီး ပညာသင်သွားလိုသူများအတွက်လည်း စီစဉ်ပေးလျက်ရှိပါသည်။

Dimensions International College တွင် …

မြန်မာနိုင်ငံမှကျောင်းသား၊ကျောင်းသူများ စိတ်ပါ၀င်စားမှုရှိသော Business Management နှင့် Hospitality & Tourism ဘာသာရပ်များကိုအဓိကထားသင်ကြားပေးလျှက်ရှိပါတယ်။

အချိန်(၁)နှစ်ပေးရုံမျှဖြင့် သက်ဆိုင်ရာဘာသာရပ်များ၏ Diplomaဘွဲ့ကို ရရှိနိုင်ပါတယ်။

Business Management တွင် …

၁။ Diploma in Business
၂။ Diploma Retail Management

Hospitality & Tourism တွင် …

၁။ အချက်အပြုတ်စိတ်ပါ၀င်စားသူများအတွက်
(Diploma in Professional Cookery and Food Preparation )

၂။ အစားအသောက်နှင့်အခမ်းအနားပွဲစီစဉ်မှုကိုဝါသနာပါသူများအတွက်
(Diploma in Food and Beverage Operations )

၃။ ဟိုတယ်နှင့်သက်ဆိုင်သော၀န်ဆောင်မှုများကိုစိတ်ပါ၀င်စားသူများအတွက်
(Diploma in Hospitality Services ) အစရှိသော ဘာသာရပ်များကို သင်ကြားပေးလျှက်ရှိပါတယ်။

Dimensions International College မှ ကျောင်းသား၊ကျောင်းသူများသည် စင်ကာပူအစိုးရအသိအမှတ်ပြု ဘွဲ့ကိုရရှိနိုင်ပြီး Dimensions တွင်ပညာသင်ယူရင်းနှင့်ပင် UK မှ တိုက်ရိုက်ချီးမြှင့်သော ဘွဲ့ကိုရရှိနိုင်သည့် အခွင့်အလမ်းကောင်းများလည်းရှိပါတယ်။

Okayama Institute of Science and Technology

Better Life Education and Career Supporting Centre မှ Okayama သိပ္ပံနှင့်နည်းပညာကောလိပ်တွင် ပညာတော်သင်သွားရောက်လိုသူများအတွက်လည်း ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိပါသည်။ Okayama သိပ္ပံနှင့် နည်းပညာကျောင်းကို အသက်မွေးအတတ်ပညာ၊ အထူးလေ့ကျင့် သင်ကြားရေး ကောလိပ်ကျောင်း အဖြစ် (၁၉၉၈)ခုနှစ် ဧပြီလတွင် ဖွင့်လှစ်ခဲ့ပါသည်။ လျှစ်စစ်အင်ဂျင်နီယာဘာသာရပ်၊ ဇီဝသိပ္ပံဘာသာရပ်၊ ဗိသုကာဘာသာရပ်၊ မော်တော်ကားကျွမ်းကျင်နှင့် ထုတ်လုပ်ခြင်းဘာသာရပ်ကဲ့သို့သော နည်းပညာဆိုင်ရာ ဘာသာရပ်(၁၀)မျိုးကို သင်ပေးနေပါသည်။ ဂျပန်နိုင်ငံ၏ပညာရေးသင်ရိုးတွင်ပါဝင်သော ယဥ်ကျေးမှုနှင့် အထွေထွေပညာရေးဘာသာရပ် ကိုလည်း ထည့်သွင်းသင်ကြားပေးပါသည်။

Contact Us

+959 250-649-545

No(318), Yadanar Road, (11)Ward, South Okkalapa Township, Yangon.